“ရွှေတိဂုံပုံတူစေတီတော် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပပြီးစီး”

28 Apr

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ တည်ထားကိုးကွယ်ထားမယ့် ရွှေတိဂုံပုံတူစေတီတော်မြတ်ကြီးရဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ဧပြီလ ၂၇ ရက် နံနက်ပိုင်းမှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တ သုခမိန္ဒ မဟာထေရ် ကြွရောက်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင် နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တက်ရောက်ခဲ့ကြကာ ရတနာစိန်ဖူးတော် နှင့် ငှက်မြတ်နားတော်တို့ကို မင်္ဂလာဝေါယာဉ်တော်နဲ့ ပင့်ဆောင်ပြီးစေတီတော်မြတ်ကို လက်ယာရစ်လှည့်လည် ပူဇော်ကာ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်များကို စေတီတော်ကြီးမှာ တင်လှူပူဇော်ခဲ့ကြပါတယ်။ (NVS 004)

28 Apr

ADVERTISE HERE .