2025 Mutua Madrid Open ပြိုင်ပွဲ တတိယအဆင့်သို့ အလက်ဇန္ဒားဇဗာရက်ဖ် တက်ရောက်ခဲ့
27 Apr
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော အမျိုး သား တင်းနစ်ပြိုင်ပွဲဖြစ်သည့် 2025 Mutua Madrid Open တင်းနစ်ပြိုင်ပွဲ တတိယအဆင့်သို့ ဂျာမနီတင်းနစ်ကစားသမား အလက်ဇန္ဒားဇဗာရက်ဖ် တက်ရောက်ခဲ့ နိုင်ခဲ့ပါတယ်။ အလက်ဇန္ဒားဇဗာရက်ဖ် ဟာ 2025 Mutua Madrid Open တင်းနစ်ပြိုင်ပွဲ ဒုတိယ အဆင့်တွင် စပိန်တင်းနစ် ကစားသမား ရောဘတ်တို ဘတ်တစ်တာ ကို ၆-၂၊ ၆-၂ နဲ့ အနိုင်ရရှိကာ တတိယအဆင့် သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တတိယအဆင့်တွင် အလက်ဇန္ဒားဇဗာရက်ဖ် ဟာ စပိန်တင်းနစ်ကစားသမား အလီဂျန်ဒရို ဒါဗီဒိုးဗစ် ဖိုကီနာ နဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
27 Apr