မက်ဒရစ်အိုးပင်းတင်းနစ်ပြိုင်ပွဲဒုတိယအဆင့်တွင် ဆွီယာတက်ခ်က အလက်ဇန္ဒားကိုအနိုင်ရရှိ
26 Apr
စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကျင်းပနေသည့် မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့် ပွဲစဉ်တစ်ပွဲ အဖြစ် ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်နှင့် ဖိလစ်ပိုင်ဆယ်ကျော်သက်တင်းနစ်မယ် အလက်ဇန္ဒားတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဆွီယာတက်ခ်က ၄-၆၊ ၆-၄၊ ၆-၂ ရလဒ်ဖြင့် အနိုင်ရရှိကာ တတိယအဆင့်သို့ တက်ရောက်သွား နိုင်ခဲ့ပါတယ်။ အလက်ဇန္ဒားသည် စပိန်ဂန္ထဝင် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ် ဖွင့်လှစ်ထားသော တင်းနစ် အကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး အနာဂတ်တင်းနစ်လောကတွင် အကောင်းဆုံးကစား သမား စာရင်းဝင်တစ်ဦးဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြုခြင်း ခံထားရသူဖြစ်သည်။ ဆွီတက်ခ်ကလည်း အလက် ဇန္ဒားကို ဝါရင့်တင်းနစ်မယ်တစ်ဦးလို ကစားနိုင်ပြီး မိမိကိုလည်း ဖိအားပေးကာ ကစားသွားနိုင်ခဲ့ကြောင်း ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ ဆွီယာတက်ခ် ဟာ တတိယအဆင့်မှာ ချက်တင်းနစ်မယ် နော့စကိုဗာ နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)