Chevron Championship ဂေါက်သီးရိုက်ပြိုင်ပွဲ အမှတ်ပေးဇယားကို လူယန်နှင့်ဟဲရန်ရူတို့ ပူးတွဲဦးဆောင်

26 Apr

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ကျင်းပနေတဲ့ Chevron Championship ဂေါက်သီးရိုက် ပြိုင်ပွဲ ပထမနေ့အပြီးတွင် တရုတ်ဂေါက်သီးရိုက် မယ်လူယန်နှင့် တောင်ကိုရီးယားဂေါက်သီးရိုက်မယ် ဟဲရန်ရူ တို့က သတ်မှတ်ရိုက်ချက်ထက် ခုနစ်ချက်စီ လျော့ရိုက်ကာ အမှတ်ပေးဇယားကို ပူးတွဲဦးဆောင်နေကြောင်း သိရပါတယ်။ တောင်ကိုရီးယား ဂေါက်သီးရိုက်မယ် ကင်မ်ယာဂျိုက သတ်မှတ် ရိုက်ချက်ထက် ငါးချက်လျော့ရိုက် ကာ အမှတ်ပေး ဇယား၏ဒုတိယနေရာမှာ ရပ်တည်နေပြီး ထိုင်းဂေါက်သီးရိုက်မယ် ဂျူတာနူဂန် အပါအဝင် ပြိုင်ပွဲဝင် ခြောက်ဦးထိ သတ်မှတ်ရိုက်ချက်ထက် လေးချက်စီလျော့ရိုက်ကာ အမှတ်ပေးဇယား၏တတိယနေရာတွင် ပူးတွဲ ရပ်တည်လျက် ရှိပါတယ်။ လက်ရှိ ချန်ပီယံအဖြစ်ပါဝင် ယှဉ်ပြိုင်နေသော ကမ္ဘာ့အဆင့် (၁) ဂေါက်သီးရိုက်မယ် နယ်လီကော့ဒါမှာ ပထမနေ့တွင် ပုံမှန်စွမ်းဆောင်ရည် ပျောက်ဆုံးနေပြီး သတ်မှတ်ရိုက်ချက်ထက် ငါးချက်ထိ ပိုရိုက်ထားပါတယ်။ (NVS 008)

26 Apr

ADVERTISE HERE .