ဘက်တစ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ဗယ်လာဒိုးလစ်အသင်း လာလီဂါမှ တန်းဆင်းခဲ့ရ
26 Apr
ဘရာဇီးအသင်းတိုက်စစ်မှူးဟောင်း ရိုနယ်ဒိုပိုင်ဆိုင်တဲ့ ဗယ်လာဒိုးလစ်အသင်းဟာ အမှတ်ပေးပြိုင်ပွဲတွင် ဘက်တစ်အသင်းကို ငါးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် လာလီဂါမှ တန်းဆင်းသွားခဲ့ရကြောင်း သိရပါ တယ်။ ဗယ်လာဒိုးလစ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီတွင် တန်းမဆင်းရရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့ပြီး နည်းပြကို့ခ်ကာ၊ နည်းပြပက်ဇိုလာနိုနှင့် နည်းပြ ရူဘီအိုတို့သုံးဦးထိ ပြောင်းလဲခဲ့သော်လည်း ရလဒ်ကောင်း ရရှိခဲ့ ခြင်းမရှိဘဲ လာလီဂါမှ ပထမဆုံး တန်းဆင်းခဲ့ရသည့် အသင်းဖြစ်လာခဲ့ပါတယ်။ ဗယ်လာဒိုးလစ်အသင်းဟာ ဘက်တစ်အသင်းကို ငါးဂိုး တစ်ဂိုး ဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးပွဲ ၃၃ ပွဲတွင် လေးပွဲနိုင်၊ လေးပွဲသရေ၊ ၂၅ ပွဲရှုံးနိမ့်ခဲ့ကာ ရမှတ် ၁၆ မှတ်သာ ရရှိခဲ့သောကြောင့် အဆင့် (၁၇) နေရာမှ အလာဗက်အသင်းနှင့် ရမှတ် ၁၈ မှတ် ကွာဟနေတာကြောင့် လက်ကျန်ပွဲ ငါးပွဲစလုံး အနိုင်ရရှိပါကလည်း တန်းဆင်းဇုန်မှ လွတ်မြောက်မှာ မဟုတ်တာကြောင့် ပွဲစဉ် (၃၃) အပြီးတွင် လာလီဂါမှ တန်းဆင်းခဲ့ရပါတယ်။ ဗယ်လာဒိုးလစ်အသင်းဟာ အသင်းပိုင်ရှင် ရိုနယ်ဒိုလက်ထက် ဘောလုံးရာသီခုနစ်ရာသီမှာ လာလီဂါသို့ သုံးကြိမ် တန်းတက်ခွင့် ရရှိခဲ့သော်လည်း သုံးကြိမ်စလုံး တန်းပြန်ဆင်းခဲ့ရသဖြင့် ဗယ်လာဒိုးလစ် ပရိသတ်များက ရိုနယ်ဒိုကို ဝေဖန်မှုများပြုလုပ်ခဲ့ကာ အသင်းအပေါ် အာရုံမစိုက်နိုင်ပါ ပြန်လည်ရောင်းချရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ (NVS 008)