ဘိုလော့နာ အသင်း ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကိုပါအီတာလီယာဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့

26 Apr

ဘိုလော့နာအသင်းဟာ ကိုပါအီတာလီယာဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် အမ်ပိုလီ အသင်း ကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၁၉၇၄ ခုနှစ် နောက်ပိုင်း ဗိုလ်လုပွဲသို့ ပထမဆုံး အကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ ဘိုလော့နာအသင်း ဟာ ပထမအကျော့ပွဲစဉ်မှာ အမ်ပိုလီအသင်း ကို အဝေးကွင်းမှာ သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်မှာလည်း ပွဲအစ ခုနစ်မိနစ် ကတည်းက အမ်ပိုလီအသင်းကို ဦးဆောင်ဂိုးသွင်းယူ၍ ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲအပြီးမှာ နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိတာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ငါးဂိုး တစ်ဂိုးနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘိုလော့နာ အသင်းဟာ ဗိုလ်လုပွဲစဉ်မှာ အေစီမီလန် အသင်းနှင့် ထိပ်တိုက်တွေ့ဆုံရမှာ ဖြစ်ပြီး ဘိုလော့နာ အသင်း နည်းပြ အီတာလီယာနိုအနေနဲ့ ၎င်းတာဝန်ယူခဲ့တဲ့ ဘောလုံးရာသီသုံးရာသီအတွင်း ဖီအိုရင်တီးနား အသင်းကို ကွန်ဖရင့်လိဂ်ဖလား ဗိုလ်လုပွဲနှစ်ကြိမ်နှင့် ဖလားပြိုင်ပွဲတစ်ကြိမ်၊ ဘိုလော့အသင်းကို ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ တစ်ကြိမ်ပို့ဆောင်နိုင်ခဲ့သဖြင့် လေးကြိမ်မြောက် ဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီး ဖလားရရှိမလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (NVS 008)

26 Apr

ADVERTISE HERE .