နွေရာသီ အပြောင်းအရွှေ့ကာလတွင် ရီးရဲလ်မှ ဝါရင့်ကစားသမား ၄ ဦးလမ်းခွဲဖွယ်ရှိ

26 Apr

ရီးရဲလ်မက်ဒရစ် အသင်းနဲ့ လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် မိုဒရစ် အပါအဝင် ဝါရင့်ကစားသမား လေးဦး စာချုပ်သက်တမ်း ကုန်ဆုံးကာ လမ်းခွဲသွားဖွယ်ရှိကြောင်း သိရပါတယ်။ အသက် ၃၉ နှစ် ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ ၂၀၁၂ ခုနှစ် က စပါးအသင်းမှ ရီးရဲလ်မက်ဒရစ်အသင်း သို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပါဝင်ကစားခဲ့ပြီးနောက် ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့သည့်အပြင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ မိုဒရစ်နှင့် ရီးရဲလ်အသင်းတို့ စာချုပ်သက်တမ်းမှာ လာမည့်ဇွန်လအကုန်တွင် ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိ အချိန်ထိသက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသေးသည့်အတွက် ရာသီအကုန်မှာ အသင်းနှင့်လမ်းခွဲ သွားဖွယ် ရှိပါတယ်။ လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလမှာ မိုဒရစ် နှင့် ကာဗာဂျယ်တို့အပြင် နောက်ထပ် ဝါရင့်ခံစစ်ကစားသမားနှစ်ဦး ဖြစ်တဲ့ ဗက်စ်ကွက်နှင့် အလာဘာတို့လည်း ရီးရဲလ် မက်ဒရစ်အသင်းမှ အလွတ် ပြောင်းရွှေ့ကြေးဖြင့် အသီးသီး ထွက်ခွာဖွယ် ရှိပါတယ်။ (NVS 008)

26 Apr

ADVERTISE HERE .