ကုန်ဈေးနှုန်းသတင်း ၂၄.၄.၂၀၂၅

24 Apr

ဧပြီလ ၂၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ပဲလွန်းနီနဲ့ စားတော်ပဲဈေးတွေကတော့ အနည်းငယ် တက်လာပါ တယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ထန်းလျက်၊ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၈,၀၃၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၈,၀၀၀ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၀၀၅ ကျပ်ကနေ ၅,၀၂၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၅,၁၄၂ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၅၈၀ ကျပ်ကနေ ၆,၄၃၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၃၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၁၃၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၃,၅၆၅ ကျပ်ကနေ ၄,၃၄၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၆၄၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၈၁၅ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၅၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၈၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၆,၂၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၂၆၀ ကျပ်ကနေ ၆,၄၂၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၁၀၀ ကျပ်ကနေ ၂,၄၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၂,၅၀၀ ကျပ်၊ ငရုတ်(ဆင်ဖြူကျွန်း) တစ်ပိဿာကို ၁၅,၀၀၀ ကျပ်နေ ၁၆,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၈၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၉၅၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၁၂၀,၀၀၀ ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၅၆၂ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၁၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၆၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၇၄၀ ကျပ်၊ မန္တလေးမှာ ၂,၈၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၈၂၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၀၀ ကျပ်၊ မန္တလေးမှာ ၂,၉၁၀ ကျပ်၊ နေပြည်တော်မှာ ၂,၈၇၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၃၉၀ ကျပ်၊ မန္တလေးမှာ ၂,၅၀၅ ကျပ်၊ နေပြည်တော်မှာ ၂,၄၇၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၉၆၀ ကျပ်၊ မန္တလေးမှာ ၃,၀၇၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၄၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၆၆၀,၀၀၀/-) ငါးဆယ် ခြောက်သိန်း ခြောက်သောင်းကျပ် ရှိပြီး ပြင်ပပေါက် ဈေးမှာ ကျပ်သိန်း (၇,၅၁၀,၀၀၀ိ/-) ခုနစ်ဆယ် ငါးသိန်း တစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

24 Apr

ADVERTISE HERE .