“ဖီအိုရင်တီးနားအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ မူလာ”
24 Apr
ရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး မူလာ ကို ခေါ်ယူဖို့အတွက် စီးရီးအေ ကလပ် ဖီအိုရင်တီးနားက ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံလိုက်ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။အသက် ၃၅ နှစ်အရွယ် မူလာ ဟာ စီးရီးအေကို လာရောက်ကစားဖို့ စိတ်ဝင်စားမှု မရှိတဲ့အတွက် ဖီအိုရင်တီးနားအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ မူလာ ဟာ ရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်ပြည့်မှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုတော့မှာ မဟုတ်တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၁၇ နှစ်ကြာ လက်တွဲမှုကို အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပရိုကစားသမားဘဝ စတင်ခဲ့တဲ့ မူလာ ဟာ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၇၄၇ ပွဲမှာ ၂၄၈ ဂိုးအထိ သွင်းယူ ပေးထားခဲ့သူဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ၁၂ ကြိမ်ရရှိထားတဲ့ မူလာဟာ အခုရာသီမှာ ၁၃ ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။(NVS 008)