“လာမယ်မေလမှာ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ပြန်လည်ထိုးသတ်မယ့် တွမ်မီဖြူရီ”

24 Apr

ဗြိတိန်လက်ဝှေ့သမား တွမ်မီဖြူရီ ဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်မှုအဖြစ် ဟန်ဂျာလစ် နဲ့ မေလ ၉ ရက် ဘူဒါပက်စ်မြို့မှာ ထိုးသတ်ကြမယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ဖြူရီ ဟာ လွန်ခဲ့တဲ့ ၁၈ လခန့်က YouTuber KSI နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲနောက်ပိုင်း အနားယူနေခဲ့တာ ဖြစ်ပါတယ်။ လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်မယ့်သတင်းကို ဖြူရီ က သူ့ရဲ့လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့တစ်ပတ်ထဲက ပြောကြားထားပြီး အခုချိန်မှာတော့ အသက် ၂၇ နှစ်အရွယ် ဘော့စနီယား နိုင်ငံသား ဟန်ဂျာလစ်နဲ့ ထိုးသတ်မှာဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ မှာ ပရိုလက်ဝှေ့သမားအဖြစ် စတင်ခဲ့တဲ့ ဟန်ဂျာလစ်ကတော့ လက်ရှိမှာ ၅ ပွဲထိုးသတ်ထားပြီး ၄ ပွဲနိုင် ၁ ပွဲရှုံး မှတ်တမ်း ရရှိထားတာဖြစ်ပါတယ်။ ဗြိတိန်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တိုင်ဆန်ဖြူရီရဲ့ ညီဖြစ်သူ တွမ်မီဖြူရီကတော့ ခရူဆာဝိတ်တန်းမှာ ထိုးသတ်နေသူဖြစ်ပြီး ပရိုကစားသမားဘဝ ၁၀ ပွဲထိုးသတ်ခဲ့ရာမှာ ၁၀ ပွဲစလုံး အနိုင်ရထားသူ ဖြစ်ပါတယ်။ YouTuber KSI နဲ့ထိုးသတ်ခဲ့ပြီးနောက် တွမ်မီဖြူရီဟာ လက်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး အနားယူနေခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာ ပိုမိုကြံ့ခိုင်တဲ့ တွမ်မီဖြူရီ ကို မြင်ရပါလိမ့်မယ်ဆိုပြီး ကြေညာချက်မှာ ရေးသားထားပါတယ်။ (NVS 008)

24 Apr

ADVERTISE HERE .