အီရန်ကို နျူကလီးယားလက်နက် ဘယ်တော့မှမရစေရဟု အမေရိကန်ပြော
15 Apr
အမေရိကန်ကာကွယ်ရေးဝန်ကြီး က အမေရိကအနေဖြင့် အီရန်က နျူကလီးယားလက်နက်မရစေရေး အတွက် သံတမန်နည်းလမ်းဖြင့်သာ ဆောင်ရွက်သွားရန် မျှော်လင့်ထားသော်လည်း သံတမန်နည်းလမ်းဖြင့် မအောင်မြင်ပါက စစ်ရေးနည်းလမ်းကို အသုံးပြုရန်အတွက် အမေရိကန်စစ်တပ်ကအဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။ အီရန်နိုင်ငံ၏နျူကလီးယားကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏သည် စိုးရိမ်မှုများ မြင့်တက်လျက် ရှိပြီး အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရန် အမေရိကန်နှင့်အီရန်ကိုယ်စားလှယ်များ အိုမန်နိုင်ငံ၌ ဧပြီလ ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီဒ်ဟက်ဆက် က အိုမန်၌ ကနဦးသဘော တွေ့ဆုံမှုသည် အကျိုးဖြစ်ထွန်းခဲ့ပြီး ခြေလှမ်းကောင်း တစ်ရပ်အဖြစ် သတ်မှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ပီဒ်ဟတ်ဆက် က အမေရိကအနေနဲ့ စစ်ရေးအရ ဖြေရှင်းလိုတဲ့ဆန္ဒမရှိပေမဲ့ လိုအပ်လာပါက စစ်အင်အားကို ထုတ်သုံးသွားမှာဖြစ်ပြီး နျူကလီးယားလက်နက်များ အီရန်လက်ထဲသို့မရောက်ရှိစေရန် နည်းလမ်းကုန်သုံးပြီး ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။ အမေရိကန်သမ္မတထရမ့် က အိုမန်၌ပြုလုပ်တဲ့ဆွေးနွေးမှု မအောင်မြင်ခဲ့ ပါက အစ္စရေးနဲ့ပေါင်းပြီး အီရန်ကိုစစ်ရေးအရအရေးယူသွားမည်ဟု ပြောကြားခဲ့သည်။