နေတိုးအကြီးအကဲ က ရုရှားရဲ့အာကာသရှိ နျူကလီးယားလက်နက်များကို စိုးရိမ်နေ

15 Apr

နေတိုးအဖွဲ့ချုပ်အကြီးအကဲက ရုရှား၏အာကာသတွင် နျူကလီးယားလက်နက်များကို ထုတ်လုပ်ရန်ကြိုးပမ်း နေခြင်းအပေါ် စိုးရိမ်မှုရှိနေကြောင်းနှင့် ထိုသို့ကြိုးပမ်းနေခြင်းသည် ကမ္ဘာလုံးဆိုင်ရာကာကွယ်ရေးအတွက် သာမက လူတိုင်းရဲ့နေ့စဉ်ဘဝမှာလည်း အရေးပါသောကမ္ဘာဂြိုဟ်ပတ်လမ်းကွင်းအတွင်းရှိ ကမ္ဘာကို လှည့်ပတ်နေ သည့် ထောင်ပေါင်းများစွာသော ဂြိုဟ်တုများအပေါ် ထိခိုက်မှုရှိနိုင်သည်ဟု သတိပေးပြောကြားခဲ့သည်။ ရတ်တေး က ရုရှား၏အာကာသထဲတွင် နျူလက်နက်များ တီထွင်ထုတ်လုပ်မှုသည် ၎င်း၏စွမ်းဆောင်ရည် ကို မြှင့်တင်ရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါကိစ္စသည် အလွန်စိုးရိမ်ရကြောင်း အလေးပေးပြောကြား ခဲ့သည်။ လက်ရှိတွင် ကမ္ဘာပတ်လမ်းကြောင်း၌ ဂြိုဟ်တု ၇,၀၀၀ ခန့် လှည့်ပတ်နေပြီး လူတို့ နေစဉ်ဘဝအတွက် လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များကို သက်ရောက်မှု ဖြစ်စေနိုင်ပါသည်။ အာကာသအတွင်း လက်နက် ပြိုင်ဆိုင် မှုကို တားဆီးသည့် နိုင်ငံတကာသဘောတူညီချက်ကို ၁၉၆၇ ခုနှစ်တွင် ရုရှားအပါအဝင် ၁၁၄ နိုင်ငံက လက်မှတ် ရေးထိုးခဲ့သော်လည်း ၎င်းသည် အာကာသအတွင်း စစ်ရေးလှုပ်ရှားမှုများကို လုံးလုံးလျားလျား တားမြစ်ထားခြင်း မရှိသေးဘဲ ခေတ်မီဂြိုလ်တုစနစ်များမှ ထွက်ပေါ်လာသော အန္တရာယ်များကို လုံလောက်စွာ တိတိကျကျ ကိုင်တွယ် ဖြေရှင်းနိုင်မှု မရှိနိုင်ဟု ဝေဖန်သူများက ပြောကြားခဲ့ကြသည်။ ရတ်တေး က သတင်းအချက်အလက်များကို ထောက်လှမ်းရေးမျှဝေခြင်းနှင့် အမျိုးသားအာကာသကွပ်ကဲမှုဌာနများထူထောင်ခြင်းအပါအဝင် အာကာသအတွင်း ရှိ စိန်ခေါ်မှုများအတွက် နေတိုးမဟာမိတ်များက လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေကြပြီး ပိုမို ထိန်းချုပ် နိုင်သော၊ ပိုမိုကောင်းမွန်သော ကာကွယ်နိုင်သည့် သေးငယ်သောဂြိုလ်တုများကို တီထွင်ထုတ်လုပ်လျက် ရှိ ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

15 Apr

ADVERTISE HERE .