အာဆင်နယ်အသင်း လူငယ်ကစားသမားနှစ်ဦးဖြစ်တဲ့ နွမ်နယ်ရီနှင့် စကယ်လီတို့ကို သက်တမ်းတိုးရန် ကြိုးပမ်းနေ

14 Apr

အာဆင်နယ်အသင်းသည် ဆယ်ကျော်သက် လူငယ်ကစားသမားနှစ်ဦးဖြစ်တဲ့ စကယ်လီနှင့်နွမ်နယ်ရီ တို့ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ အဆိုပါကစားသမားနှစ်ဦးဟာ အာဆင်နယ် အသင်း၏ ငယ်မွေးခြံပေါက်ကစားသမားများဖြစ်ပြီး နွမ်နယ်ရီမှာ အာဆင်နယ်အသင်း၏ အနာဂတ်ကြယ်ပွင့် တစ်ဦးအဖြစ် ထင်ကြေးပေးခံထားရသူဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ နောက်ခံလူ စကယ်လီက ပထမ ကစား သမား အဖြစ် ပိုမိုနေရာရရှိနေပါတယ်။ အသက် ၁၈ အရွယ် နွမ်နယ်ရီ ဟာ လာမည့်နွေရာသီတွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံး တော့မည်ဖြစ်ပြီး အသက် ၁၈ အရွယ် စကယ်လီကတော့ အာဆင်နယ်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေပါ တယ်။ ဒါကြောင့် အာဆင်နယ်အသင်းတာဝန်ရှိသူများကတော့ အဆိုပါကစားသမားနှစ်ဦးစလုံးကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းနေပြီး သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)

14 Apr

ADVERTISE HERE .