ပူးတွဲပိုင်ရှင် ရက်ကလစ်ဖ်လက်အောက်တွင် မန်ယူအသင်း ပျက်စီးနေပြီဟု ကန်တိုနာ ဝေဖန်

14 Apr

မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူး ကန်တိုနာက မန်ယူအသင်းဟာ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်၏ လက်အောက်တွင် ပျက်စီးနေပြီဟု ဝေဖန်ပြောကြားခဲ့ပါတယ်။ ဗြိတိန် ဘီလီယံနာ ဆာဂျင်ရက်ကလစ်ဖ် ဟာ မန်ယူနိုက်တက်အသင်း၏ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူပြီးနောက် အသင်း၏လုပ်ပိုင်ခွင့်အားလုံး ဦးဆောင်လုပ်ကိုင်နေသူဖြစ်ပါတယ်။ ရက်ကလစ်ဖ်လက်ထက်မှာ အသင်း၏အသုံးစရိတ်ကို မြင့်မားခြင်းကို အကြောင်းပြကာ အသင်းဂန္ထဝင် နည်းပြဖာဂူဆန်အား ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ်မှ ဖယ်ရှားခဲ့သလို အသင်းဝန်ထမ်းများကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့ကြောင့် ရက်ကလစ်ဖ် ဟာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ယခုအခါ အသင်း ဂန္ထဝင်ကစားသမား ကန်တိုနာကပါ ရက်ကလစ်ဖ်ဟာ အသင်းရဲ့ အရာရာကို ဖျက်ဆီးဖို့ ကြိုးပမ်းနေပြီး မန်ယူ အသင်းရဲ့ လက်ရှိအခြေအနေမှာ ဝမ်းနည်းစရာကောင်းသည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ (NVS 008)

14 Apr

ADVERTISE HERE .