ရာသီကုန်တွင် မန်စီးတီးအသင်းမှ ထွက်ခွာတော့မယ့် ဒီဘရိုင်း
13 Apr
ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဝါရင့်ကစားသမား ဒီဘရိုင်း က ရာသီကုန်တွင် မန်စီးတီးအသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဒီဘရိုင်း အား ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူရန် အမေရိကန် မေဂျာလိဂ် ကလပ်များနဲ့ ဆော်ဒီကလပ်များက စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒီဘရိုင်း ဟာ ၂၀၁၅ နွေရာသီမှာ ဝုလ်ဖ်ဘတ်အသင်း မှ မန်စီးတီးအသင်းထံသို့ ပြောင်း ရွှေ့လာခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းအတွက် ၁၀ ရာသီအတွင်း ပြိုင်ပွဲစုံ ၄၁၃ ပွဲကစားကာ ၁၀၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်စီးတီး အသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ခြောက်ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်အပါအဝင် ဆုဖလား ၁၆ လုံးအထိ ရရှိခဲ့ပါတယ်။ (NVS 008)
13 Apr