ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သောဘိလပ်မြေများ လုပ်ငန်းခွင်များသို့ရောက်ရှိ

13 Apr

သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သော ဘိလပ်မြေ များအား ဘိလပ်မြေစက်ရုံ(မြိုင်ကလေး)နှင့် ဘိလပ်မြေစက်ရုံ(ပြည်ညောင်) တို့က အထူးအစီအစဉ်ဖြင့် ပို့ဆောင် ရောင်းချပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မှာယူသည့်ဘိလပ်မြေများ ၁၂ ဘီးတွဲယာဉ်များဖြင့် မန္တလေး မြို့ရှိ လုပ်ငန်းခွင်အသီးသီးသို့ ရောက်ရှိလာခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ဆက်လက်၍ ဖြန့်ဖြူးရေးအစီအစဉ်များဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် စတင်ဖြန့်ဖြူးဆောင်ရွက်လျက်ရှိကြောင်းနှင့် အလားတူ ပြည်ပမှမှာယူတင်သွင်းထားသော ဘိလပ်မြေ များကိုလည်း ဆိပ်ကမ်းအရောက်ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။(NVS 004)

13 Apr

ADVERTISE HERE .