တက်စလာက နှစ်နှစ်အတွင်း ကားထုတ်လုပ်မှု နှစ်ဆတိုးမည်
13 Apr
လာမည့်နှစ်နှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ မော်တော်ကားထုတ်လုပ်မှု နှစ်ဆတိုးမြှင့်မည်ဟု တက်စလာစီအီးအိုဖြစ်သူ အီလွန်မက်စ် ကပြောသည်။ အီလွန်မက်စ်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် မတ်လ ၁၁ ရက်က သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။ အီလွန်မက်စ် သည် မျိုးချစ်စိတ်ပြင်းထန်သူဖြစ်ပြီး တက်စလာ နှင့်အတူ မယုံနိုင်လောက်စရာ အလုပ်လုပ် နိုင်ခဲ့သည်ဟု ထရမ့် ကပြောသည်။ အီလွန်မက်စ် ကလည်း လာမည့်နှစ်နှစ်အတွင်း တက်စလာကားထုတ်လုပ်မှုကို အမေရိကန်တွင် နှစ်ဆတိုးသွားမည်ဟု ပြောသည်။ အစိုးရအလုပ်အကိုင်များ ဖြတ်တောက်ရေးနှင့် အသုံးစရိတ် လျှော့ချရေး DOGE တွင် ဦးစီးဦးဆောင်လုပ်နေသည့် အီလွန်မက်စ် နှင့် ဆက်နွှယ်နေသည့်ကုမ္ပဏီများကို ထရမ့် က အလေးပေးဆက်ဆံနေသည်နှင့်ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်လျက်ရှိသည်။ အချို့သော အမေရိကန်ဒေသခံများသည် အီလွန်မက်စ် ကို ဆန့်ကျင်လျက်ရှိပြီး တက်စလာအရောင်းပြခန်း များနှင့် အားသွင်းရုံအများအပြား ဖျက်ဆီးခံခဲ့ရသည်။ ကုမ္ပဏီ၏ရှယ်ယာများလည်း ထိုးဆင်းလျက်ရှိသည်။ နယူးယောက်မြို့တွင်လည်း မတ်လ ၈ ရက်က DOGE မှ အစိုးရဝန်ထမ်းများထုတ်ပယ်ခြင်းအတွက် လူ ၂၀၀ ခန့် ဆန္ဒပြ ခဲ့ကြသည်။