“ဆာလတ် ရဲ့ စာချုပ်သစ်ချုပ်ဆိုရန် အလွန်နီးစပ်နေပြီလို့ဆိုတဲ့ ဗန်ဒိုက်”
11 Apr
ယခုရာသီကုန်မှာ လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမယ့် အီဂျစ်ဝါရင့်တိုက်စစ်ကစားသမား ဆာလတ် က လီဗာပူးလ်အသင်းနှင့် စာချုပ်သစ်ချူပ်ဆိုရန် နီးစပ်နေပြီဖြစ်ပြီး အသင်းခေါင်းဆောင် ဗန်ဒိုက် မှာလည်း ဆာလတ် ကဲ့သို့ပင် လီဗာပူးလ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိနေကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းက အသက် ၃၀ နှစ်အထက် ကစားသမားများကို စာချုပ်သစ်ချုပ်လေ့မရှိတဲ့ ပေါ်လစီကို ကျင့်သုံးခဲ့သော်လည်း ယခုရာသီမှာ ခြေစွမ်းပြနေတဲ့ ဆာလတ် ကို ခြွင်းချက်အနေနဲ့ စာချုပ်သစ်ချုပ်ဆိုရန် လီဗာပူးလ်ပရိသတ်များက အသင်းတာဝန်ရှိသူများကို ဖိအားပေးခဲ့ကြပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းတာဝန်ရှိသူများက ဆာလတ် ကို စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ပြီး ယခုအခါ စာချုပ်သစ်ချုပ်ဆိုရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
11 Apr