“ရိုးမားအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖွယ်ရှိနေတဲ့ တန်ဟက်”
11 Apr
ရိုးမားအသင်းရဲ့ လက်ရှိနည်းပြ ရာနီရေးရီ က မန်ယူနည်းပြဟောင်း တန်ဟက် ကို ရိုးမားနည်းပြအဖြစ် ခန့်အပ်ခံရရန် နီးစပ်နေပြီး မကြာမီကြေညာဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ၀ါရင့်အီတလီနည်းပြ ရာနီရေးရီ ဟာ ရာသီကုန်အထိသာ ရိုးမားအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး နွေရာသီမှစ၍ အသင်း၏ အကြံပေးအဖြစ် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ရိုးမားအသင်းက လာမည့်ရာသီအတွက် နည်းပြသစ်ခန့်အပ်ရန် ရှာဖွေလျက်ရှိရာ မန်ယူနည်းပြ ဟောင်း တန်ဟက် ကို ခန့်အပ်နိုင်ရန် အလွန်နီးစပ်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
11 Apr