“၂၀၃၀ ကမ္ဘာ့ဖလားမှာ အသင်း ၆၄ သင်းသို့ တိုးမြှင့်ရန် CONMEBOL ဥက္ကဋ္ဌ အဆိုပြု”

11 Apr

တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL) ဥက္ကဋ္ဌ အလီဂျန်ဒရိုဒိုမင်ဂွက်ဇ် က လာမယ့် ၂၀၃၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက် အသင်း ၆၄ သင်းသို့ တိုးမြှင့်ရန် အဆိုပြုခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ပြိုင်ပွဲဝင်အသင်း ၃၂ သင်းနဲ့ ကျင်းပခဲ့ပြီး လာမယ့် ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄၈ သင်းသို့ တိုးမြှင့်ကျင်းပမှာဖြစ်လို့ ဧပြီလ ၁၀ ရက်က ပြုလုပ်ခဲ့သော ဖီဖာကွန်ဂရက်တွင် ဒိုမင်ဂွက်ဇ်က တရားဝင်အဆိုပြုလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒိုမင်ဂွက်ဇ် က ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နှစ်တစ်ရာပြည့် ဖြစ်တာကြောင့် ယခုကဲ့သို့ အဆိုပြုခဲ့ခြင်းဖြစ်ကြောင်းနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုင်ငံတိုင်း ယှဉ်ပြိုင်ခွင့် ရရှိစေလိုကြောင်း သိရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆၄ သင်းသို့ တိုးမြှင့်ခဲ့မည်ဆိုပါက တောင်အမေရိကဘောလုံးအဖွဲ့ချုပ်လက်အောက်မှ ၁၀ သင်းစလုံး ယှဉ်ပြိုင်ခွင့်ရဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)

11 Apr

ADVERTISE HERE .