“နည်းပြဟန်ဆီဖလစ်ခ် ကို သက်တမ်းတိုးရန် စတင်ဆွေးနွေးနေတဲ့ ဘာစီလိုနာအသင်း”
11 Apr
ဘာစီလိုနာအသင်းက ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်ခ် ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ အသက် ၆၀ နှစ်အရွယ် ဟန်ဆီဖလစ်ခ် ကို ဘာစီလိုနာအသင်းက ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဟန်ဆီဖလစ်ခ် က ဘာစီလိုနာအသင်းကို ဖလားသုံးလုံးလမ်းကြောင်းပေါ် ပို့ဆောင်ပေးထားတာကြောင့် အသင်းတာဝန်ရှိသူများနေနဲ့ သက်တမ်းတိုးစာချုပ်ချုပ် ဆိုရန် စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဟန်ဆီဖလစ်ခ် ရဲ့ အေးဂျင့်ဖြစ်သူ ဇဟာဗီ နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
11 Apr