“ရူဒီဂါ ကို လစာတိုးကာ စာချုပ်သက်တမ်းတိုးပေးရန် ရီးရဲလ်အသင်းစီစဉ်”
10 Apr
ရီးရဲလ်အသင်းက အသင်းရဲ့နောက်ခံကစားသမား ရူဒီဂါ ကို လစာတိုးပေးကာ စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နောက်ခံကစားသမား ရူဒီဂါ ကို လက်ရှိအချိန်မှာ ဥရောပကလပ်အသင်း များစွာက ခေါ်ယူရန် စိတ်ဝင်စားနေတာကြောင့် ရီးရဲလ်အသင်းက စာချုပ်သက်တမ်းတိုးရန် စီစဉ်လာခြင်း ဖြစ်ပါတယ်။ နောက်ခံကစားသမား ရူဒီဂါ ဟာ ရီးရဲလ်အသင်းနှင့်အတူ ပြိုင်ပွဲ စုံ ၁၄၅ ပွဲကစားပြီး ၇ ဂိုး သွင်းယူကာ ခြေစွမ်းပြသထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ (NVS 008)
10 Apr