“အမေရိကန်၏ကုန်သွယ်ခွန်စည်းကြပ်သည့်မူဝါဒကြောင့် ကမ္ဘာ့စီးပွားရေးထိခိုက်ဟု အင်ဒိုနီးရှားသမ္မတ ပြော ကြား”

10 Apr

အမေရိကန်၏ကုန်သွယ်ခွန်စည်းကြပ်သည့် မူဝါဒကြောင့် ကမ္ဘာ့နိုင်ငံများတွင် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်လာရပြီး ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီရန်တိုက ဧပြီလ ၉ ရက် တွင် ပြောကြားသည်။ လက်ရှိအချိန်တွင် အင်ဒိုနီးရှားနိုင်ငံစီးပွားရေးသည် အမေရိကန်၏အခွန်တိုးမြှင့် စည်းကြပ်မှု ဒဏ်ကို ခံစားနေရကြောင်း သိရသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံက ယခုကဲ့သို့ဆောင်ရွက်ခြင်းအတွက် ကမ္ဘာပေါ်ရှိနိုင်ငံများတွင် စီးပွားရေးအရထိခိုက်မှုများနှင့် မသေချာမရေရာမှုများကို ကြုံတွေ့နေရကြောင်း သမ္မတ ပရာဘိုဝိုဆူဘီရန်တိုက ပြောကြားသည်။ အင်ဒိုနီးရှားအစိုးရသည် အမေရိကန်မူဝါဒအပြောင်းအလဲကို တည်ငြိမ်စွာရင်ဆိုင်နေပြီး စီးပွားရေးအရ ခံနိုင်ရည်ရှိရန် ပြင်ဆင်နေကြောင်းနှင့် နိုင်ငံအား စီးပွားရေးအရခံနိုင်ရည်ရှိစေရေးအတွက် ရှေးယခင်ကတည်းက တည်းက အင်ဒိုနီးရှားနိုင်ငံခေါင်းဆောင်များက အမြော်အမြင်ကြီးစွာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ ပြည်တွင်းဈေးကွက် ကြီးမားကျယ်ပြန့်စွာတည်ရှိနေသဖြင့် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများ ကို ရင်ဆိုင်နိုင်မည်ဟု မိမိယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။ အမေရိကန်၏မူဝါဒပြောင်းလဲမှုကို ကိုင်တွယ် ဖြေရှင်းနိုင်ရန် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်ဟု ဆင်ဟွာ သတင်း ဌာန ဖော်ပြချက်အရ သိရသည်။

10 Apr

ADVERTISE HERE .