“သမ္မတ ဒေါ်နယ်ထရမ့်၏ အပြန်အလှန်အခွန်စည်းကြပ်မှုများ စတင်”
10 Apr
အမေရိကန် ပြည်ထောင်စုသည် သမ္မတဒေါ်နယ်ထရမ့်၏ အပြန်အလှန်အခွန်စည်းကြပ်မှုကို စီစဉ်ထား သည့်အတိုင်း စတင်လျက်ရှိကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်မှုပိုငွေပြနေသောနိုင်ငံ များနှင့် ဒေသများအပေါ်အခွန်ကောက်ခံမှုဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို ဧပြီလ ၉ ရက် တွင် စတင်လျက် ရှိကြောင်း သိရသည်။ သို့သော် ဧပြီလ ၅ ရက်မှစ၍ ကမ္ဘာတစ်ဝန်းတွင် အခြေခံအကောက်ခွန် ၁ဝ ရာခိုင်နှုန်းကို ချမှတ်ကောက်ခံလျက်ရှိသည်။ အမေရိကန်နှင့်၎င်းတို့၏သက်ဆိုင်ရာ ကုန်သွယ်မှုပိုငွေပြမှုပမာဏအပေါ် မူတည် ၍ အချို့နိုင်ငံများနှင့်ဒေသများအတွက် ကုန်သွယ်မှုခွန်စည်းကြပ်နှုန်းထားများကို တိုးမြှင့်ကောက်ခံမည် ဖြစ်သည်။ ဂျပန်နိုင်ငံအတွက် သတ်မှတ်နှုန်းထားမှာ ၂၄ ရာခိုင်နှုန်းဖြစ်သည်။ နိုင်ငံပေါင်း ၇၀ နီးပါးသည် အပြန် အလှန်သွင်းကုန်များအပါအဝင် အခွန်ကောက်ခံမှုများကိုညှိနှိုင်းရန် အမေရိကန်အစိုးရထံ ဆက်သွယ် မေးမြန်းခဲ့ ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။ ဒေါ်နယ်ထရမ့်အစိုးရသည် ၎င်း၏မဟာမိတ်နိုင်ငံများကို ဦးစားပေး ဆွေးနွေးသွားဖွယ်ရှိကြောင်း အိမ်ဖြူတော်မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဂျပန်နှင့်ဆွေးနွေးပွဲများကို အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျာမီဆန်ဂရေးရာ က ဦးဆောင်မည် ဖြစ်သည်။ အမေရိကန် လယ်ယာ ထွက်ကုန်များအတွက် ဂျပန်နိုင်ငံ၏ဈေးကွက်ကို ထပ်မံချဲ့ထွင်ရန်နှင့် စက်မှုကုန်ပစ္စည်းများအပေါ် ကန့်သတ်ချက် များကို ဖြေလျှော့ပေးလိုကြောင်း ၎င်းက ပြောသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။