“အမေရိကအခြေစိုက် Samaritan’s Purse ကုသရေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ စတင်လုပ်ဆောင်နေ”
09 Apr
အမေရိကအခြေစိုက် Samaritan’s Purse ကုသရေးအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီးဖြစ်ကာ အဆိုပါအဖွဲ့မှ ဆရာဝန်များ၊သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များသည် မတ်လ ၂၈ ရက် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်ကြောင့် ထိခိုက်သူများအတွက် အသက်ကယ်ခွဲစိတ်မှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကအခြေစိုက် Samaritan’s Purse ကုသရေးအဖွဲ့ရဲ့ အရေးပေါ်ကွင်းဆင်းဆေးရုံမှာ အထူးကြပ်မတ် ကုသဆောင်၊ အရေးပေါ်ခန်း၊ ဆေးပေးခန်း၊ ဓာတ်ခွဲခန်းနှင့် ခွဲစိတ်မှုဒါဇင်ပေါင်းများစွာကို နေ့စဥ် ပြုလုပ်ပေးနိုင်မည့် ခွဲစိတ်ခန်းနှစ်ခုပါရှိပြီး တစ်ရက်ကို လူနာ ၂၀၀ အထိ ကုသပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။အဆိုပါအဖွဲ့ဟာ ဧပြီလ ၇ ရက်က ဘိုးအင်း 747 ကုန်တင်လေယာဉ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၁၀၄ တန်ကို တင်ဆောင်ခဲ့ပြီး ၎င်းတို့တွင် ရေစစ်စနစ်ခြောက်ခု၊ အရေးပေါ်အမိုးအကာပစ္စည်းများ၊ ဆိုလာမီးများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများပါဝင်တယ်လို့ သိရပါတယ်။ (NVS 004)