“စစ်ကိုင်းဆေးရုံကြီးမှာ ငလျင်ကြောင့် ဆေးကုသမှုခံယူနေရသူ ၁၁ ဦးသာကျန်ရှိ”

09 Apr

ငလျင်ကြီးကြောင့် စစ်ကိုင်းမြို့မှာ ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ကိုင်းမြို့ ကုတင် ၂၀၀ ဆံ့ ဆေးရုံကြီးမှာ ဆေးကုသပေးလျက်ရှိရာ ဧပြီလ ၈ ရက် နံနက်ပိုင်းမှာ ငလျင်ဒဏ်ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးသာ ဆေးကုသမှု ခံယူလျက်ရှိတော့ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းမြို့နေ ပြည်သူများ ထိခိုက် ဒဏ်ရာများရရှိခဲ့ရာ စစ်ကိုင်းမြို့ကုတင် ၂၀၀ ဆံ့ဆေးရုံကြီးမှာ လူနာပေါင်း ၁၀၄ ဦး တက်ရောက်ကုသခဲ့ကြောင်း သိရပါတယ်။ စစ်ကိုင်းမြို့မှာ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့အဆောက်အဦများကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက စက်ယန္တရားများ၊ လုပ်ငန်းသုံးယာဉ်များအသုံးပြုကာ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

09 Apr

ADVERTISE HERE .