“ငလျင်နောက်ဆက်တွဲအဖြစ် ဖြစ်ပွားတတ်တဲ့ ကျန်းမာရေးဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ပေးထား”
09 Apr
ကျန်းမာရေးဝန်ကြီးဌာနက ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသများမှာ နောက်ဆက်တွဲအဖြစ် ဖြစ်ပွားတတ်တဲ့ ကျန်းမာရေးဆိုင်ရာ သတိပေးချက်များကို အသိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါတိုက်တွန်းချက်မှာ ကူးစက်ရောဂါများဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျောရောဂါ၊ မျက်စိနာရောဂါ၊ အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါ၊ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သောရောဂါများနှင့် မြွေအန္တရာယ်သတိပေးမှုများကို ကဏ္ဍအလိုက် နှိုးဆော်ထားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အပူဒဏ်ကာကွယ်ခြင်းအတွက် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ရောဂါအခံ ရှိသူများအနေနဲ့ အရိပ်ရ၍ အေးမြသော၊ လေဝင်လေထွက်ကောင်းသောနေရာများမှာ နားနေရန်၊ အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့၍ ပွသော အဝတ်အစားများဝတ်ဆင်ရန်၊ ပူပြင်းသောနေရောင် ခြည်အောက်မှာ အလုပ်လုပ်ကိုင်ခြင်းနှင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ရှားရန်၊ ရေနှင့်ဓာတ်ဆားရည် သောက်သုံး ရန်၊ မိတ်နှင့် ယားနာဖုများထွက်ပါက ရေပတ်တိုက်၍ သနပ်ခါးလိမ်းခြင်းတို့ ပြုလုပ်ရန် အသိပေးနှိုးဆော်ထားပါတယ်။ (NVS 004)