“ရှုံးပွဲမရှိစံချိန်နဲ့ ပြင်သစ်လီဂူးချန်ပီယံကို ရယူသွားမယ်လို့ဆိုတဲ့ PSG နည်းပြ အန်းနရစ်”

08 Apr

PSG နည်းပြအန်းနရစ်က လီဂူးဝမ်း ချန်ပီယံဖြစ်နေပေမယ့် ရှုံးပွဲမရှိစံချိန်ကို ရယူနိုင်ရန် ရည်မှန်ထားကြောင်း ပြောကြားခဲ့ပါတယ်။ လီဂူးဝမ်း ပွဲစဉ် (၂၈) မှာ PSG အသင်းဟာ အန်ဂါစ်အသင်းကို အနိုင်ရပြီးနောက် ရာသီကုန်ဆုံးရန် ၆ ပွဲအလိုမှာပင် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ PSG အသင်းဟာ လီဂူး-ဝမ်း ချန်ပီယံဆုကို စံချိန် တင် (၁၃) ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ PSG အသင်းဟာ ယခုရာသီ လီဂူးပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးရာ အသင်းနည်းပြ အန်းနရစ်က ချန်ပီယံဆုကို ရှုံးပွဲမရှိ စံချိန်နဲ့ ရယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ PSG အသင်းဟာ ကွာတားဖိုင်နယ် ရောက်ရှိနေတဲ့အပြင် ပြင်သစ်ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲ တက်ရောက်ထားသောကြောင့် ယခုရာသီမှာ ဖလားသုံးလုံးအောင်ပွဲကို မျှော်လင့်နိုင်စွမ်းရှိနေကြောင်း သိရပါတယ်။ (NVS 008)

08 Apr

ADVERTISE HERE .