“ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲမှာ ကမ္ဘောဒီးယားဖိုက်တာကို အလဲထိုးနဲ့ အနိုင်ရခဲ့တဲ့ မြန်မာဖိုက်တာ စိုးမိုးဇော်”

08 Apr

ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ စိုးမိုးဇော် ဟာ ပြိုင်ဘက်အိမ်ရှင်ကမ္ဘောဒီးယား ဖိုက်တာကို ဒုတိယအချီမှာ အလဲထိုးပြီး အနိုင်ယူခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်က ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲ (KUBOTA Kun Khmer) ကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲတွင် မြန်မာဖိုက်တာ စိုးမိုးဇော် က အိမ်ရှင် ကမ္ဘောဒီးယားဖိုက်တာ ထန်ချီစ်ဒါ နဲ့ ၆၃ ဒသမ ၅ ကီလိုတန်းမှာ အဓိကခေါင်ပွဲအဖြစ် သုံးမိနစ်၊ သုံးချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ပထမအချီမှာဘဲ စိုးမိုးဇော် အသာစီးထိုးသတ်နိုင်ခဲ့ပြီး ဒုတိယအချီမှာ စိုးမိုးဇော် ရဲ့ ဘယ်ခြေဘော်ဒီ ကန်ချက်ပြင်းကြောင့် ကမ္ဘောဒီးယားဖိုက်တာ ထန်ချီစ်ဒါ ဟာ ပြန်လည်မထလာနိုင်တော့ပဲ အရှုံးပေးခဲ့ရပါတယ်။ မြန်မာဖိုက်တာ စိုးမိုးဇော်ဟာ ယခုပွဲမတိုင်မီ ပြီးခဲ့သည့် မတ်လ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ Ganzberg Idol Khun Khmer ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲမှာ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ဆောက်ဘန်တေး၏ နင်းခြေကန်ချက်ကြောင့် ဒုတိယ အချီတွင် ရှုံးနိမ့်ထားခဲ့ပါတယ်။ (NVS 008)

08 Apr

ADVERTISE HERE .