"ဆီဗီလာအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ပွဲစဉ်မှာ ပရိသတ်များရဲ့ ဆန္ဒပြမှုကြောင့် ခေတ္တရပ်နားခဲ့ရ"

08 Apr

ဧပြီလ ၆ ရက်က ယှဉ်ပြိုင်ကစားတဲ့ ဆီဗီလာ-အက်သလက်တီကို လာလီဂါပွဲစဉ်တွင် ပရိသတ်များ၏ ဆန္ဒပြမှု ကြောင့် ဒုတိယပိုင်းပွဲကို ခေတ္တရပ်နားခဲ့ရကြောင်း သိရပါတယ်။ အိမ်ရှင်ဆီဗီလာအသင်းပရိသတ်များဟာ ဥက္ကဋ္ဌ ဖြစ်သူ ဒဲလ်နီဒိုကာရက်စ်ကိုနှင့်ဘုတ်အဖွဲ့အပေါ် ကျေနပ်မှုမရှိတာကြောင့် ပွဲမစခင် ကွင်းအပြင်ဘက်၌ စုဝေး၍ ဆန္ဒပြ ခဲ့ကြပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းကစားနေစဉ် မြောက်ဘက်ပွဲကြည့်စင်ရှိ ပရိသတ်များက ဒဲလ်နီဒိုကာရက်စ်ကို ရာထူးမှ နုတ်ထွက်ရန် ရေးသားထားတဲ့ စာတန်းများနှင့် အဝါရောင်ကတ်ပြားများကို ကိုင်ဆောင်ဆန္ဒပြခဲ့ပြီး အဆိုပါ ကတ်ပြား များ ကို ကွင်းအတွင်း ပစ်ချခဲ့တာကြောင့် ဒိုင်လူကြီး ဂရာဒိုက ပွဲအား မိနစ်အနည်းငယ်ကြာ ရပ်ဆိုင်းစေခဲ့ပြီး ကွင်း ဝန်ထမ်းများက ရှင်းလင်းမှုပြုလုပ်ပြီးမှသာ ပြန်လည်စတင် ကစားနိုင်ခဲ့ပါတယ်။ (NVS 008)

08 Apr

ADVERTISE HERE .