“ဘိုင်ယန်အသင်းဟာ ရီးရဲလ်အသင်းနှင့်အပြိုင် ရေပန်းစားတဲ့အသင်းဖြစ်တယ်လို့ဆိုတဲ့ အင်ဇာဂီ”
08 Apr
အင်တာမီလန်အသင်းနည်းပြ ဆီမြွန်နီ အင်ဇာဂီ က ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘိုင်ယန်အသင်းသည် ရီးရဲလ်အသင်းနဲ့အပြိုင် ရေပန်းစားတဲ့အသင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို အင်တာမီလန်အသင်းက ဘိုင်ယန်အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ အင်ဇာဂီ က ချန်ပီယံလိဂ်မှာ အတွေ့အကြုံကြွယ်ဝတဲ့ ဘိုင်ယန်အသင်းနဲ့ပွဲဟာ ခက်ခဲတဲ့ပွဲ ဖြစ်လာ နိုင်ပြီး အနိုင်ရရှိရန် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပြောကြားသွားပါတယ်။ ဒါ့အပြင် ဘိုင်ယန်အသင်းဟာ ချန်ပီယံ ဆုရရန် ရီးရဲလ်အသင်းနဲ့အပြိုင် ရေပန်းစားနေတဲ့အသင်း ဖြစ်ပြီး ပွဲကောင်းတစ်ပွဲကို ယှဉ်ပြိုင်ကစား ရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်နည်းပြ ကွန်ပနီကလည်း အင်တာ အသင်းဟာ နည်းဗျူဟာပိုင်း ကောင်းမွန်သည့်အသင်းဖြစ်ကြောင်း၊ အင်တာခံစစ်ကို ထိုးဖောက်နိုင်ရန်မှာ စိန်ခေါ်မှု ဖြစ်ကြောင်း၊ အင်ဇာဂီ ဟာ မန်စီးတီးနည်းပြဟောင်း မန်စီနီနှင့် တူညီ တဲ့ အချက်တွေရှိကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)