" အာဆင်နယ်အသင်းနှင့် ချန်ပီယံဆုများ ရယူသွားမယ်လို့ဆိုတဲ့ ဆာကာ"

08 Apr

အာဆင်နယ်အသင်း၏တိုက်စစ်ကစားသမား ဆာကာက Ballon d'Or ဆုရရှိရေးမှာ သူ့ရဲ့ အိပ်မက်တစ်ခု ဖြစ်သော်လည်း အာဆင်နယ်အသင်းနဲ့အတူ ချန်ပီယံဆုများရယူနိုင်ရေးကိုသာ ပိုမိုအာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ ပါတယ်။ အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ ဆာကာ ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှစ၍ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဆာကာ ဟာ အာဆင်နယ်အသင်းနဲ့အတူ FA ဖလား ချန်ပီယံဆုတစ်ကြိမ်သာ ရယူထားနိုင်ခဲ့ ပါတယ်။ ယခုရာသီမှာ တံကောက်ကြောဒဏ်ရာကြောင့် ၃ လကျော် အနားယူခဲ့ရပြီး ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာမှ ပြန်ကစားနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ် အသင်းကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ (NVS 008)

08 Apr

ADVERTISE HERE .