“ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မြို့တော်ကင်ရှာဆာတွင် ရေကြီးရေလျှံမှုဖြစ်ပွား”

08 Apr

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မြို့တော်ကင်ရှာဆာတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး ၃၃ ဦး သေဆုံးကြောင်း တာဝန်ရှိသူများက ဧပြီလ ၇ ရက် တွင် ပြောကြားသည်။ ဧပြီလ ၄ ရက်မှ ၆ ရက်အတွင်း မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ကင်ရှာဆာရှိခရိုင်များတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး နေအိမ်များပျက်စီးခဲ့ ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဂျတ်ကူမိန်း ရှာဗာက ပြောကြားသည်။ ၎င်းသဘာဝဘေးကို လျော့ပါးသက်သာစေရေးအတွက် အစိုးရ က တပ်မတော်သားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဒေသန္တရ တာဝန်ရှိသူများပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ရေကြီးရေလျှံမှုကြောင့် ကင်ရှာဆာရှိအခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကာ ရေနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်တွင် မြို့တော်ကင်ရှာဆာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သောင်တင်နေသည့် လေယာဉ်ခရီးသည်များကိုလည်း လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။ လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ထပ်မံရွာသွန်းနိုင်ကြောင်း မိုးလေဝသတာဝန်ရှိသူများက ခန့်မှန်းထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

08 Apr

ADVERTISE HERE .