“အမေရိကန်သမ္မတထရမ့် ချမှတ်ခဲ့သည့်မူဝါဒများအား ဆန့်ကျင်ဆန္ဒဖော်ထုတ်ပွဲများ ဥရောပတစ်ဝန်း ကျင်းပ”
08 Apr
အမေရိကန်သမ္မတ ထရမ့် ချမှတ်ခဲ့သည့် ပြည်ပနိုင်ငံများမှ အမေရိကန်သို့ တင်ပို့သည့်ပို့ကုန်များအပေါ် အခွန်စည်းကြပ်သည့်မူဝါဒအပါအဝင် အခြားမူဝါဒများအား ဆန့်ကျင်ဆန္ဒဖော်ထုတ်ပွဲများကို ပဲရစ်၊ ဘာလင်၊ လစ်စဘွန်းနှင့် လန်ဒန်အပါအဝင် ဥရောပဒေသရှိမြို့များတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အမေရိကန် က အခွန်စည်းကြပ်ခြင်းဖြင့် အမေရိကန်နှင့် ကုန်သွယ်မှုဆောင်ရွက်နေသည့် နိုင်ငံများတွင် ကုန်သွယ်ရေး လိုငွေ ပြမှုများဖြစ်လာခဲ့ပြီး ကမ္ဘာ့ရှယ်ယာဈေးကွက်ကျဆင်းခဲ့ကြောင်း သိရသည်။ လန်ဒန်ရှိ ထရာဖာဂါအဝိုင်းတွင် ဆန္ဒဖော်ထုတ်သူများက ဂရင်းလန်းသည် ရောင်းရန်မဟုတ်၊ အမုန်းတရား ဖြင့် အမေရိကန်မကြီးပွားနိုင်စသည့်စာတန်းများ ကိုင်ဆောင်ကြွေးကြော်ခဲ့ကြသည်။ ပေါ်တူဂီနိုင်ငံတွင် ကျင်းပ သည့် ဆန္ဒဖော်ထုတ်ပွဲတစ်ခုတွင် အမေရိကန်ပင်စင်စားတစ်ဦးက အမေရိကန်အစိုးရက ပင်စင်လစာငွေများကို လျှော့ချခဲ့သဖြင့် ပင်စင်စားများထိခိုက်ခဲ့ရကာ ထရမ့်ဆောင်ရွက်သည့် မူဝါဒများသည် အမေရိကန်နိုင်ငံသားများကို ထိခိုက်စေခဲ့သည်ဟု ပြောကြားသည်။ အလားတူ ဆန္ဒဖော်ထုတ်ပွဲများကို ပါရီ၊ ဘာလင် နှင့် ဖရန့်ဖတ်တို့တွင် ကျင်းပခဲ့ရာ တက်ရောက်ဆန္ဒဖော်ထုတ်သူ အများအပြားရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရ သည်။