"မလေးရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ အကူအညီပစ္စည်းများရောက်ရှိ"

08 Apr

မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် WAN ZAINAL ABIDN BIN WAN YAACOB ပါ ၁၃ ဦးနှင့် ဘယ်လာရုစ် နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ဧပြီလ ၇ ရက်တွင် နေပြည်တော် (တပ်မတော်) လေဆိပ်သို့ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် WAN ZAINAL ABIDN BIN WAN YAACOB ပါ ၁၃ ဦးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ စောင်များနှင့် စားသောက်ဖွယ်ရာများ ၁၀,၈၈၈ ကီလိုဂရမ် တင်ဆောင်၍ လည်းကောင်း၊ မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် MOHD HAFIFI HAFIDZ BIN ABD RAZAK ပါ ၁၃ ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ စောင်များနှင့် စားသောက်ဖွယ်ရာများ၊ မီးဖိုချောင် သုံးပစ္စည်းများ အလေးချိန် ၈,၂၁၂ ကီလိုဂရမ်တင်ဆောင်၍လည်းကောင်း မလေးရှားနိုင်ငံ၊ Kuala Lumpur Subang Airportမှ နေပြည်တော်ရှိတပ်မတော်လေဆိပ်သို့ ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် MAI လေကြောင်းလိုင်းနဲ့ ကယ်ဆယ်ရေး ပစ္စည်းစုစုပေါင်း အလေးချိန် ၁၅,၂၅၀ ကီလိုဂရမ်တင်ဆောင်၍ မလေးရှားနိုင်ငံ KUALA LUMPURINTERNATIONAL AIRPORT မှ နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ရောက်ရှိလာပြီး ၎င်းပစ္စည်း များကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒေါက်တာဒေါ်တင်တင်လေး က လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရပါတယ်။ ထို့အပြင် ဘယ်လာရုစ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများဖြစ်တဲ့ ဆေးဝါး နှင့်တဲများပါဝင်သည့် ၁၉,၄၀၀ ကီလိုဂရမ်သယ်ဆောင်၍ Ministry of Emergency Situation ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဟူဒါလျက်ဗ် အလက်ဇန်းဒါ ဦးဆောင်တဲ့အဖွဲ့သည် ဧပြီလ ၇ ရက်မှဘဲ နေပြည်တော်ရှိ တပ်မတော် လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ (NVS 004)

08 Apr

ADVERTISE HERE .