" UNICEF Myanmar က ငလျင်ဒဏ်ကြောင့် စိတ်ဒဏ်ရာရနေတဲ့ ကလေးငယ်များအတွက် မိဘများကို အကြံပြု ပြုချက်များ ထုတ်ပြန်"
08 Apr
UNICEF Myanmar က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မိဘများအနေနဲ့ စိတ်ဒဏ်ရာရနေတဲ့ ကလေးငယ် များကို ပွင့်ပွင့်လင်းလင်းစကားပြောဆိုခြင်း၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်များကို ဆက်လုပ်ခြင်းနှင့်ကလေးများကို ပိုမိုဂရုစိုက် ပေးရန် အကြံပြုထားပါတယ်။ မိဘများအနေနဲ့ ကလေးငယ်များကို ညအိပ်ယာဝင်ချိန် ဂရုစိုက်ရန်၊ ကလေးနှင့်အတူ ပုံပြောခြင်း၊ စာအုပ်ဖတ်ပေးခြင်းတို့ကိုပြုလုပ်ပေးရန် တိုက်တွန်းထားပါတယ်။ ဒါ့အပြင်လူကြီးအချင်းချင်း စကားပြောရာမှာ သတိထားရန်၊ ငလျင်နှင့်ပတ်သက်တဲ့အကြောင်း ပြောဆို ဆွေးနွေးရာမှာ သတိပြုရန်၊ ကလေးများက တစွန်းတစကြားခြင်းကို နားလည်မှုလွဲခြင်း၊ သူတို့နားမလည်တဲ့ အကြောင်းအရာများအပေါ် တွင် အကြောက်လွန်ခြင်းတို့ဖြစ်တတ်ကြောင်း အကြံပြုချက်မှာ ဖော်ပြထားပါတယ်။ ငလျင်ပြီး လအတော်ကြာတဲ့အထိ ကလေးများပုံမှန်ပြန်ဖြစ်ရန် အခက်ခဲများတွေ့နေရပါက မိဘများအနေနဲ့ နားလည်တတ်ကျွမ်းသူ (ဆရာဝန် ၊ တိုင်းရင်းဆေးဆရာ၊ ဘာသာရေးဆရာ၊ ရပ်ရွာခေါင်းဆောင်၊ စိတ်ကျန်းမာရေး ဆိုင်ရာကျွမ်းကျင်သူ၊ ဆွေးနွေးတိုင်ပင်နိုင်မည့် အတိုင်ပင်ခံစသည့်) ကျွမ်းကျင်သူ ပညာရှင်များ၏ အကူအညီရယူရန်၊ ကလေး၏ဆရာ၊ ဆရာမများနှင့် ချိတ်ဆက်ရန်လည်း အကြံပြုထားပါတယ်။ အကယ်၍ မိမိအိမ်မှ တစ်ယောက် ယောက်မှ ထိခိုက်ဒဏ်ရာရလျင်ဖြစ်စေ၊ သေဆုံး သည်ဖြစ်စေ၊ ကလေးတွင် အခက်အခဲကြုံတွေ့နေရသည် ဖြစ်စေ၊ ကလေး၏ဆရာ၊ ဆရာမများ သို့မဟုတ် အခြားကူညီပံ့ပိုးပေးနိုင်မည့် တစ်ယောက်ယောက်ကို အသိပေးခြင်းအားဖြင့် ကလေး၏ကျောင်းမှအကူအညီကို ရယူရန် အကြံပြုထားပါတယ်။ (NVS 004)