ကုန်ဈေးနှုန်းသတင်း ၇.၄.၂၀၂၅

07 Apr

ဧပြီလ ၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်မြင့်တက်နေလာသလို စားတော်ပဲလည်း အနည်းငယ် တက်လာပါတယ်။ ကြက်သွန်နီ ဈေး အနည်းငယ် ကျဆင်းလာပေမယ့် ကြက်သွန်ဖြူ၊ ထန်းလျက်နဲ့ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၇,၅၂၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၇,၃၂၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာ ကို ၄,၉၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၆,၆၂၁ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၂၇၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၂၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၃,၅၆၅ ကျပ်ကနေ ၄,၃၉၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၅၈၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၈၁၅ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၁၆၅ ကျပ်ကနေ ၇,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၈၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၂၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၂၅၀ ကျပ်ကနေ ၆,၄၂၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၁၀၀ ကျပ်ကနေ ၂,၄၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၃,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၈၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၉၅၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၄,၅၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် တစ်ပိဿာကို ၂၁,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၅၆၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၄၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၂၉၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၀၀ ကျပ်၊ မန္တလေးမှာ ၃,၁၁၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၈၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၀၅၀ ကျပ်၊ မန္တလေးမှာ ၃,၁၆၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၃၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၈၀ ကျပ်၊ မန္တလေးမှာ ၂,၆၉၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၆၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၁၉၀ ကျပ်၊ မန္တလေးမှာ ၃,၃၀၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၇၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၆၁၀,၀၀၀/-) ငါးဆယ် ခြောက်သိန်း တစ်သောင်းကျပ် ရှိပြီး ပြင်ပပေါက် ဈေးမှာ ကျပ်သိန်း (၆,၉၀၀,၀၀၀ိ/-) ခြောက်ဆယ် ကိုးသိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

07 Apr

ADVERTISE HERE .