“ယောကရက်စ် ကို ပေါင်သန်း ၇၀ ရရှိပါက ရောင်းချဖွယ်ရှိနေတဲ့ စပို့တင်းအသင်း”
07 Apr
စပို့တင်းအသင်းက အသင်းတိုက်စစ်မှူး ယောကရက်စ် ရဲ့ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင်သန်း ၇၀ ရရှိပါက ရောင်းချသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ယောကရက်စ် ကို ဥရောပကလပ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ယောကရက်စ် က စပို့တင်းလစ္စဘွန်းအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၉၃ ပွဲ ကစားပြီး ၈၆ ဂိုးသွင်းယူကာ ခြေစွမ်းပြသထားပါတယ်။ ဒါကြောင့် စပို့တင်းအသင်းက တိုက်စစ်မှူး ယောကရက်စ် ကို သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ကမ်းလှမ်းလာပါက ရောင်းချသွားမယ်လို့ သိရပါတယ်။ (NVS 008)
07 Apr