“အယ်လ်အစ်တီဟတ်အသင်းမှ ထွက်ခွာဖွယ်ရှိနေတဲ့ ကန်တီ”

07 Apr

ဝါရင့်ကွင်းလယ်ကစားသမား ကန်တီ ဟာ အယ်လ်အစ်တီဟတ်အသင်းမှာ ပျော်ရွှင်ခြင်းမရှိတာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။ အသက် ၃၄ နှစ် အရွယ်ရှိ ကွင်းလယ်ကစားသမားကို လက်ရှိအချိန်မှာ နည်းပြ ဆိုးလ်ရှား ကိုင်တွယ်နေတဲ့ ဘီဆစ်တပ်စ်အသင်းက ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ကွင်းလယ်ကစားသမား ကန်တီ က အယ်လ်အစ်တီဟတ်အသင်း နှင့်အတူ ၂ဝ၂၃-၂၀၂၄ မှ ၂ဝ၂၄-၂ဝ၂၅ ဘောလုံးရာသီအထိပြိုင်ပွဲစုံ ၇၁ ပွဲကစားပြီး ၇ ဂိုး သွင်းယူကာ ခြေစွမ်းပြသထား နိုင်တာကြောင့် ဘီဆစ်တပ်စ်အသင်းအနေနဲ့ လာမယ့်နွေရာသီဈေးကွက်အတွင်းမှာ ကန်တီ ကို ခေါ်ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (NVS 008)

07 Apr

ADVERTISE HERE .