“2025 Credit One Charleston Open တင်းနစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့တဲ့ ပီဂူလာ”
07 Apr
အမေရိကန်နိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ အမျိုးသမီးတင်းနစ်ပြိုင်ပွဲ 2025 Credit One Charleston Open တင်းနစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်သို့ အမေရိကန် တင်းနစ်မယ် ပီဂူလာ တက်ရောက်နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ အမေရိကန်တင်းနစ် ပီဂူလာ က 2025 Credit One Charleston Open တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်မှာ ရုရှားတင်းနစ်မယ် အယ်လ်ဇန်ထရိုဗာ ကို ၆-၂၊ ၂-၆၊ ၇-၅ ဆိုတဲ့ရလဒ်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 2025 Credit One Charleston Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ အမေရိကန်တင်းနစ်မယ် ပီဂူလာ က တစ်နိုင်ငံတည်းနေသူ တင်းနစ်မယ် ဆိုဖီယာ ကီနင်း နဲ့ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ (NVS 008)
07 Apr