“အမေရိကန်နိုင်ငံတွင် သမ္မတထရမ့်နှင့် အီလွန်မတ်စ်တို့အပေါ် ဆန့်ကျင်ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ”

07 Apr

အမေရိကန်နိုင်ငံတွင် သမ္မတထရမ့်နှင့် အစိုးရစွမ်းဆောင်ရည်ဆိုင်ရာဌာနကို ကွပ်ကဲသည့် အီလွန်မတ်စ် တို့အပေါ် ဆန့်ကျင်ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။ အမေရိကန် အစိုးရ က ဝန်ထမ်းများကို အလုပ်မှထုတ်ပယ်ခြင်းနှင့် အစိုးရအသုံးစရိတ်ဖြတ်တောက်သည့် အစီအစဉ်များကို ရပ်ဆိုင်းခဲ့ခြင်းများအတွက် နိုင်ငံသားများ က ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ အစိုးရစွမ်းဆောင်ရည်ဆိုင်ရာဌာန အကြီးအကဲအီလွန်မတ်စ်သည် ကွန်ဂရက်က တရားဝင်ရွေးချယ်ခန့်ထားသူမဟုတ်ကြောင်း ဝေဖန်သူများက ပြောကြားသည်။ အီလွန်မတ်စ်သည် နိုင်ငံသားများ အားထားနေရသည့် အစီအမံများကို ရပ်ဆိုင်းခဲ့ပြီး ၎င်းလုပ်ရပ်အတွက် နိုင်ငံသားများက အီလွန်မတ်စ်အား စိတ်ပျက်နေကြကြောင်း ဆန္ဒဖော်ထုတ်သူတစ်ဦးက ပြောကြားသည်။ အီလွန် မတ်စ်သည် အစိုးရကို စွမ်းဆောင်ရည်လျော့နည်းလာစေရေး ဆောင်ရွက်နေသည်ဟု ဆန္ဒဖော်ထုတ်သူတစ်ဦးက ပြောကြားသည်။ သို့သော် အီလွန်မတ်စ်၏ဆောင်ရွက်ချက်များကို ထရမ့် က ချီးကျူးခဲ့ကြောင်း NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။

07 Apr

ADVERTISE HERE .