“ငလျင်ဒဏ်သင့် နေရာများမှာ အညစ်အကြေးစွန့်မှု အခက်အခဲများရှိနေ”
07 Apr
မန္တလေးမြို့မှာ မိုးလေပြင်းထန်စွာရွာသွန်းချိန်မှာ ကယ်ဆယ်ရေးစခန်းများရှိ ယာယီတဲအချို့ ယိုင်နဲ့ပျက်စီးမှု များဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာအဖွဲ့စည်းအသီးသီးက ညတွင်းချင်း လာရောက်ပြုပြင်ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါယာယီတဲများမှာ ငလျင်ဘေးဒဏ်သင့် ပြည်သူများကို နေထိုင်ရန်စီစဉ်ထားခဲ့တာဖြစ်ပြီး လက်ရှိအချိန် မှာ နေထိုင်သူများအတွက် အိမ်သာအခက်အခဲရှိပြီး အနံ့ဆိုးများရှိနေတာကြောင့် အဆင်မပြေမှုများ ရှိနေတယ်လို့ သိရပါ တယ်။ ဒါ့အပြင် မိုးရွာသွန်းမှုကြောင့် ဝမ်းရောဂါကာကွယ်ရေးအတွက် အသိပေးနှိုးဆော်မှု လုပ်ဆောင်ထားရ တယ်လို့ သိရပါတယ်။ ငလျင်ဒဏ်သင့် ပြည်သူများကို လာရောက်လှူဒါန်းနေကြသူအချို့ကလည်း ရွှေ့ပြောင်းလွယ်တဲ့ အိမ်သာများ ကို လှူဒါန်းမှုများ ရှိနေကြပါတယ်။ အချို့သံပန်းဆိုင်များကလည်း အလွယ်တကူဖြုတ်တပ်နိုင်တဲ့ ယာယီအိမ်သာများ ပြုလုပ်နိုင်ရန် ကူညီလုပ်ဆောင်ပေးနေတယ်လို့ ဒေသခံများနှင့် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံကနေ သိရပါ တယ်။ အချို့ကလည်း နေရာပေး၍ အိမ်သာကျင်းများတူးကာသွပ်မိုး ထရံကာအိမ်သာများ ဆောက်ပေးလျက် ရှိပါတယ်။ ယာယီတဲများမှာ နေထိုင်နေကြတဲ့ ပြည်သူများနေနဲ့ ကျန်းမာရေး အသိဖြင့် အမှိုက်များရှင်းပေးခြင်း၊ သန့်ရှင်းရေးအတွက် အသိပေးနှိုူးဆော်ခြင်းများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ (NVS 004)