“ငလျင်ဒဏ်နှင့်ပတ်သက်၍နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ထိုင်း၊မလေးရှားနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေး”

07 Apr

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ တာဝန်ရှိသူများ ဧပြီလ ၅ ရက်က နေပြည်တော်မှာ တွေ့ဆုံကာ ငလျင်ဒဏ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲသို့ တက်ရောက်လာတဲ့ AHA စင်တာ အမှုဆောင်ညွှန်ကြားရေးမှူး၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ငလျင်ဘေးတွေ့ကြုံပြီး ၉ ရက်မြောက်အထိ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ လိုအပ်ချက်များ၊ ပြန်လည်ထူထောင်ရေးအဆင့်မှာ လိုအပ်လာမယ့် ကျန်းမာရေးဆိုင်ရာ၊ ရေ၊ မီး စသည့် အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များကို တင်ပြခဲ့ကြပါတယ်။ အဲဒီနောက် ဝန်ကြီး ဦးသန်းဆွေ အပါအဝင်တက်ရောက်လာကြသူများက ကျန်းမာရေးသုံးပစ္စည်းများနှင့် ဆေးဝါးများ၊ ရွှေ့ပြောင်းနိုင်တဲ့ ဆေးခန်းနှင့် ခွဲစိတ်ခန်းများ၊ ရေ၊ မီး၊ အခြေခံအဆောက်အအုံ၊ ယာယီရွက်ဖျင်တဲများ၊ ခြင်ထောင်များ စတဲ့ အထောက်အပံ့ပစ္စည်းများ ဦးစားပေးရယူပံ့ပိုးနိုင်ရေးနှင့် ပြန်လည်ထူထောင်တဲ့ လုပ်ငန်းစဉ်သို့ ကူးပြောင်းမှုချောမွေ့စေ‌ရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)

07 Apr

ADVERTISE HERE .