ငလျင်ဒဏ်သင့် စစ်ကိုင်းနှင့် မန္တလေးတို့တွင် မိုးနှင့်လေသည်းထန်စွာ တိုက်ခတ်ခဲ့

06 Apr

အင်းအားပြင်း ငလျင်ဒဏ်ကို ခံရသည့် ဒေသများဖြစ်တဲ့ မန္တလေးနှင့် စစ်ကိုင်းတို့မှာ ဧပြီလ ၅ ရက် ညဦးပိုင်း ၌ မိုးနှင့်လေသည်းထန်စွာရွာသွန်းမှုကြောင့် ယာယီတဲများ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးနဲ့ စစ်ကိုင်းဒေသရှိ တိုက်တာ အဆောက်အဦ၊ ဘုရားစေတီနှင့် သာသနိက အဆောက်အဦ အမြောက်အများနှင့် လူပေါင်း ၃,၀၀၀ ဝန်းကျင် ‌ေ-သဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူများ အများအပြား ရှိခဲ့ပါတယ်။ ဧပြီလ ၅ ရက် မိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်သင့်ပြည်သူများ ဒုက္ခရောက်ခဲ့ရပြီး ကူညီမှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါတယ်။ ဧပြီလ ၅ ရက် မွန်းလွဲပိုင်းအချိန် အိန္ဒိယမိုးလေဝသဌာန၏ ကြေညာချက်အရ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်လာသည်ကို တွေ့ရပြီး၊ ပင်လယ်ရေမျက်နှာပြင် အထက် (၁ ဒဿမ ၃)ကီလိုမီတာအမြင့်တွင် လေဝဲစီးကြောင်း (လေပွေလှိုင်း) တစ်ခု ဖြစ်ပေါ်နေသည်ဟု အသိပေး ထားပြီး ဘင်္ဂလားပင်လယ်အော်တွင် သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခု ဧပြီလ ၆ ရက်နှင့် ၇ ရက်တို့ တွင် ဖြစ်ပေါ်လာနိုင်သည်ဟု Global Forecast model များက ခန့်မှန်းထားကြောင်း သိရပါတယ်။ (NVS 004)

06 Apr

ADVERTISE HERE .