အမေရိကန်က ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ

06 Apr

မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သည့် မြန်မာနိုင်ငံ အတွက် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက အမေရိကန်ဒေါ်လာ ၇ သန်း ထပ်တိုးကူညီပေးသွားမှာ ဖြစ်ကြောင်းသိရပါတယ်။ အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းနှင့် မန္တလေး အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပျက်စီးများနှင့် လူ‌ေ-သဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှု မြင့်မားခဲ့ ပါတယ်။ ငလျင်လှုပ်ခတ်ပြီးချိန်မှစတင်ကာ နိုင်ငံတကာအကူအညီများ ဝင်ရောက်ခဲ့သလို လက်ရှိအချိန်ထိလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ မန္တလေးတိုင်းဒေသကြီးအပါအဝင် ငလျင်ဒဏ်သင့်ဒေသများမှ ငလျင်ဒဏ်ခံပြည်သူ များအတွက် အရေးပေါ်ယာယီတဲများ၊ အစားအစာ၊ ဆေးကုသမှုနှင့် သန့်ရှင်းသော သောက်သုံးရေများ ထောက်ပံ့ ပေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီကို အမေရိကန်ဒေါ်လာ ၂ သန်း ကနဦး ပေးထားပြီး ယခု နောက်ထပ် ၇ သန်း တိုးမြှင့်ကူညီပေးခြင်း ဖြစ်ပါတယ်။ ဒါအပြင် အခြားနိုင်ငံများဖြစ်တဲ့ တရုတ်၊ ဗြိတိန်၊ ဩစတြေးလျ၊ ဂျပန်၊ အိုင်ယာလန်နိုင်ငံများကလည်း မြန်မာငလျင်ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။(NVS 004)

06 Apr

ADVERTISE HERE .