ယွန်ဆက်ယိုအား သမ္မတရာထူးမှ ဖယ်ရှားပြီးနောက် သမ္မတရွေးကောက်ပွဲကို ဇွန်လ ၃ ရက်တွင် ကျင်းပနိုင်

06 Apr

တောင်ကိုရီးယားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ယွန်ဆက်ယိုအား သမ္မတရာထူးမှ ဖယ်ရှားရန် စီရင် ချက် ချပြီးနောက် သမ္မတရွေးကောက်ပွဲကို ဇွန်လ ၃ ရက်တွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း ပြည်တွင်းမီဒီယာများ က ဧပြီလ ၅ ရက်သတင်းများတွင် ဖော်ပြသည်။ ယွန်ဆက်ယိုအား စွပ်စွဲမှုနှင့်ပတ်သက်ပြီး တရားသူကြီး ရှစ်ဦးက တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့်အတွက် တရားဝင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဧပြီလ ၄ ရက် တွင် ဆုံးဖြတ်ခဲ့သည်။ ယွန်ဆက်ယိုးသည် ဒီဇင်ဘာလတွင် စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာခဲ့ခြင်းအပေါ် လွှတ်တော်အမတ်များ က ၎င်းအား အပြစ်ရှိ၊ မရှိ မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာ ချက်သည် တောင်ကိုရီးယားပြည်သူများ၏ အခြေခံအခွင့်အရေးများကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက ပြောကြားသည်။ အမျိုးသားအရေးပေါ်အာဏာကို အလွဲသုံးစား လုပ်ခဲ့ ခြင်းအားဖြင့် လူ့အဖွဲ့အစည်း၊ စီးပွားရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးနယ်ပယ်အားလုံးတွင် မငြိမ်မသက်ဖြစ်စေကြောင်း တရားသူကြီးများက မှတ်ချက်ပြုပြောကြားသည်။ ထို့ပြင် ယွန်ဆက်ယိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် ၎င်း၏တာဝန်ပျက်ကွက်ခဲ့ပြီး ပြည်သူများ၏ယုံကြည်မှုအပေါ် သစ္စာဖောက်ခဲ့ကြောင်းလည်း ၎င်းတို့က ဆက်လက်ပြောကြားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတရာထူးမှ ဖယ်ရှားခံရပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲကို ကျင်းပရမည်ဟု ပြဋ္ဌာန်းထားသဖြင့် နောက်ဆုံးသတ်မှတ်ရက်သည် ဇွန်လ ၃ ရက်တွင် ကျရောက်မည်ဖြစ်သည်။ အဆိုပါနေ့တွင် ပြည်သူများက ဆန္ဒမဲပေးရန် မျှော်လင့်ထားကြောင်း တောင်ကိုရီးယားမီဒီယာများက သတင်းဖော်ပြသည်။ အာဏာရနှင့်အတိုက်အခံအုပ်စုများသည် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို စတင်လုပ်ဆောင်တော့ မည် ဖြစ်ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

06 Apr

ADVERTISE HERE .