ပရီးမီးယားလိဂ်ပြိုင်ပွဲ မတ်လအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို မန်ယူအသင်းမှ ဖာနန်ဒက်ဆွတ်ခူး
05 Apr
ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ မတ်လအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို မန်ယူအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်က ဆွတ်ခူနိုင်ခဲ့ကြောင်း သိရပါတယ်။ ဖာနန်ဒက် ဟာ မန်ယူအသင်း နဲ့ မတ်လ အတွင်း အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့သလို အာဆင်နယ်အသင်းနှင့်ပွဲစဉ်မှာ အရေးပါတဲ့ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သလို လက်စတာနဲ့ပွဲစဉ်မှာလည်း တစ်ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု နှစ်ကြိမ်ထိ ပြုလုပ်ပေးနိုင်ခဲ့ တာကြောင့် မတ်လအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အလားတူ ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ မတ်လအတွက် တစ်လတာအကောင်းဆုံး နည်းပြဆုကို နော်တင်ဟမ် အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆာင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဆန်းတို့က ဆွတ်ခူးရရှိခဲ့ကြာင်း သိရပါတယ်။ (NVS 008 )
05 Apr