အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၃၁ တွင် အမေရိကန်၊ ၂၀၃၅ တွင် အင်္ဂလန်၌ကျင်းပဖွယ်ရှိ

05 Apr

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနို က အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၃၁ တွင် အမေရိကန် နိုင်ငံ၊ ၂၀၃၅ တွင် အင်္ဂလန်နိုင်ငံ၌ ကျင်းပဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၁ ခုနှစ်မှစ၍ (၄) နှစ်တစ်ကြိမ် ကျင်းပလျက်ရှိပြီး လာမည့် ၂၀၂၇ ခုနှစ်ပြိုင်ပွဲကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ ၂၀၃၁ ပြိုင်ပွဲမှစ၍ အသင်းအရေအတွက် တိုးမြှင့်ကျင်းပသွားရန် စီစဉ်ထားပြီး လက်ရှိအချိန်၌ ယင်းပြိုင်ပွဲ အတွက် အိမ်ရှင်အဖြစ်လျှောက်ထားသည်မှာ အမေရိကန်တစ်နိုင်ငံတည်းသာရှိသလို၊ ၂၀၃၅ ပြိုင်ပွဲအတွက် အိမ်ရှင် အဖြစ် လျှောက်ထားသည်မှာလည်း အင်္ဂလန်တစ်နိုင်ငံတည်းသာရှိကြောင်း သိရပါတယ်။ ဒါကြောင့် အဆိုပါနိုင်ငံ များအနေနဲ့ လျှောက်ထားတဲ့ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖွယ်ရှိကြောင်း အင်ဖန်တီနိုက ပြောကြားခဲ့ ခြင်း ဖြစ်ပါတယ်။ ဖီဖာ ဟာ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲနည်းတူ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဒေသ အလိုက် အလှည့်ကျစနစ်နဲ့ ကျင်းပခွင့်ပြုလျက်ရှိရာ ၂၀၃၅ ပြိုင်ပွဲမှာ ဥရောပ သို့မဟုတ် အာဖရိကတွင် ကျင်းပ ရ မယ့် အလှည့်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

05 Apr

ADVERTISE HERE .