ဖယ်ရန်တောရက်စ် က ရေပန်းစားတဲ့အသင်းမရှိတဲ့ ဗိုလ်လုပွဲဖြစ်တယ်ဟု ဆို
05 Apr
ဘာစီလိုနာအသင်း၏ စပိန်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်က စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင် ရေပန်းစားတဲ့ အသင်းမရှိတဲ့ ဗိုလ်လုပွဲဟု ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ၂၀၂၄-၂၀၂၅ ရာသီ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ဧပြီလ ၂၆ ရက်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါ တယ်။ ဗိုလ်လုပွဲတက်ရောက်လာသည့် နှစ်သင်းအနက် ဘာစီလိုနာအသင်းက အကြိမ်အများဆုံးအဖြစ် (၄၃) ကြိမ် မြောက်ဖြစ်ပြီး ရီးရဲလ်အသင်းက ဒုတိယအများဆုံးအဖြစ် (၄၁) ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပါတယ်။ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင် El Clásico ပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းမှာ ခုနစ်ကြိမ်မြောက် ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ရာသီနောက်ပိုင်း (၁၁) နှစ်အကြာတွင် တစ်ကျော့ပြန်တွေ့ဆုံခြင်း ဖြစ်ပါတယ်။ ယခုလို တွေ့ဆုံမှုမှာ ဘယ်အသင်းက အနိုင်ပွဲကို ရရှိမလဲဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ (NVS 008)
05 Apr