ဘရာဇီးနည်းပြသစ်အဖြစ် ဂွါဒီယိုလာကို ခန့်အပ်ရန် ရော်နယ်လ်ဒို တိုက်တွန်း
05 Apr
ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုက မန်စီးတီးနည်းပြ ဂွါဒီယိုလာကို လက်ရွေးစင်နည်းပြသစ် အဖြစ်ခန့်အပ်ရန် ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ အာဂျင်တီးနား ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဒိုရီဗယ်လ်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး နည်းပြ လက်မဲ့ ဖြစ်နေခဲ့ ပါတယ်။ ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ချန်ပီယံဆု ၅ ကြိမ် အထိ ရရှိထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေသော်လည်း ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှသာ နောက်ဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့ပြီး အောင်မြင် မှုများနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်လ်ဒို က မန်စီးတီးနည်းပြ ဂွါဒီယိုလာအား လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ် နိုင်ရေးအတွက် ကြိုးပမ်းရန် ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။ ဂွါဒီယိုလာ ဟာ မန်စီးတီး အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားသော်လည်း ယခုရာသီကုန်တွင် လမ်းခွဲဖွယ်ရှိကြောင်း သတင်းထွက်နေတာကြောင့် ဘရာဇီးဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် မန်စီးတီး နည်းပြဂွါဒီယိုလာအပြင် ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီနှင့် အယ်လ်ဟီလာအသင်းနည်းပြ ဂျီးဆပ်စ် တို့ကိုလည်း ပစ်မှတ်ထားနေကြောင်း သိရှိရပါတယ်။ (NVS 008)